(၁၁-၃-၂၀၂၂ ရက်၊ ပရီတိုးရီးယား)
တောင်အာဖရိက သမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးမြင့်ဆွေသည် တောင်အာဖရိကသမ္မတနိုင်ငံ၊ Limpopo ပြည်နယ် Mokgopong မြို့၌ ၂၀၂၂ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် A Community Outreach Program သို့ တောင်အာဖရိကနိုင်ငံ၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Ms. Candith Mashego-Dlamini ဦးဆောင်သည့် သံတမန်အဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့ပြီး ဒေသခံပြည်သူများသို့ ကျန်းမာရေးအထောက်အပံ့ပစ္စည်းများ စုပေါင်းလှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။





