တောင်ပိုင်းကယ်လီဖိုးနီးယားပြည်နယ် မြန်မာအသိုက်အဝန်းမိသားစုများမှ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်

(၉-၉-၂၀၁၉ ရက်၊ နေပြည်တော်)

မြန်မာနိုင်ငံတွင် မကြာခင်က ဖြစ်ပွားခဲ့သော ရေဘေးဒဏ်ခံခဲ့ရသည့် ပြည်သူများအား ကူညီထောက်ပံ့ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အထောက်အကူပေးနိုင်ရန် တောင်ပိုင်းကယ်လီဖိုးနီးယားပြည်နယ် မြန်မာအသိုက်အဝန်းမိသားစုများမှ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ (၃၄၁၀၀) အား ၅-၉-၂၀၁၉ ရက်တွင် ဧရာဝတီဖောင်ဒေးရှင်းအဖွဲ့မှ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လာရောက်ပေးအပ်ခဲ့ရာ စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးဝင်းနှင့် ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံတို့က လက်ခံရယူခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါလှူဒါန်းငွေများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ဆက်လက်ပေးအပ် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။