(၉-၂-၂၀၂၃ ရက်၊ ကိုင်ရို)
တူကီယဲသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်လွင် သည် ၉-၂-၂၀၂၃ ရက်၊ နံနက်ပိုင်း၌ ကိုင်ရိုမြို့ရှိ တူကီယဲသံရုံးသို့ သွားရောက်၍ တူကီယဲနိုင်ငံ တောင်ပိုင်းတွင် ၆-၂-၂၀၂၃ ရက်၌ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် လူအများအပြား သေဆုံး၊ ဒဏ်ရာရရှိကာ အိုးအိမ် အဆောက်အဦများစွာ ပျက်စီးဆုံးရှုံးခဲ့မှုအတွက် တူကီယဲသံရုံးတွင် ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်း အထိမ်းအမှတ် မှတ်တမ်းစာအုပ်၌ စာနာထောက်ထား ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။



