(၃၀-၁-၂၀၂၃ ရက်၊ ဟနွိုင်း)
မြန်မာနိုင်ငံ၏ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၁၃) ပါးတွင် အမှတ်စဉ် (၇) ဆရာတော်ဖြစ်သည့် တိပိဋကဓရဓမ္မဘဏ္ဍာဝါရိက အဂ္ဂမဟာပဏ္ဏိတ မော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသသည် ဗီယက်နမ် ဒါယိကာ/ဒါယိကာမများ၏ ပင့်လျှောက်ချက်အရ ဗီယက်နမ်နိုင်ငံနှစ်သစ်ကူးပိတ် ရက် ကာလအတွင်း ၂၁-၁-၂၀၂၃ ရက်မှ ၂၇-၁-၂၀၂၃ ရက်အထိ ဗီယက်နမ်နိုင်ငံသို့ ကြွရောက်စဉ် ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့်ဇနီး၊ သံရုံးဝန်ထမ်းမိသားစုများမှ မြန်မာသံရုံးသို့ ပင့်ဖိတ်၍ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူခဲ့ကြပါသည်။
ထို့နောက် ဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ နှင့် ဗီယက်နမ်ဆရာတော် (၂) ပါးတို့အား မြန်မာသံအမတ်ကြီး၏ နေအိမ်တွင် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီ း မြန်မာသံရုံးမိသားစုများ၊ စစ်သံရုံးမိသားစုများနှင့် ဗီယက်နမ်နိုင်ငံရောက် မြန်မာအသိုက်အဝန်းများမှ လှူဖွယ်ဝတ္တုပစ္စည်းများ လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။





