တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီးအား နှုတ်ဆက်ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခြင်း

(၂၉-၈-၂၀၁၉ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဇနီးမှ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ကြီး Mr. SOK Chea နှင့် ဇနီးအား ၂၇-၈-၂၀၁၉ ရက်နေ့၊ ညနေပိုင်းတွင် နှုတ်ဆက် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။