တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတည်ထောင်ခြင်း ၂၉ နှစ်မြောက် အထိမ်းအမှတ် အလံတင်အခမ်းအနားကို ၁-၇-၂၀၂၆ ရက်၊ ၀၈၀၀ နာရီတွင် Golden Bauhinia Square ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကို ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါ အလံတင်အခမ်းအနားသို့ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး The Hon. Mr. John Lee Ka-chiu နှင့် ဇနီး၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသရှိ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အလံတင်အခမ်းအနားပြီးနောက် ဧည့်ခံပွဲကို ဟောင်ကောင် ကွန်ဗင်းရှင်းနှင့် ပြပွဲ ဗဟိုဌာန၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး The Hon. Mr. John Lee Ka-chiu က မိန့်ခွန်းပြောကြားခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များ နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။



