(၇-၄-၂၀၂၂ ရက်၊ ကူမင်းမြို့)
မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Southern Power Grid Co., Ltd. (CSG) က မြန်မာနိုင်ငံသို့ Ventilator (၆)စုံနှင့် နှာခေါင်းစည်း (၅၀၀,၀၀၀)ခု ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ၇-၄-၂၀၂၂ ရက်၊ နံနက် (၁၀၀၀)နာရီအချိန်တွင် ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ China Southern Power Grid Co., Ltd. ၏ Vice President ဖြစ်သူ Mr. Zhang Wenfeng မှ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင် က လက်ခံရယူခဲ့ပါသည်။
လှူဒါန်းပွဲအခမ်းအနားတွင် Mr. Zhang Wenfeng က လှူဒါန်းရခြင်းအကြောင်းရင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့ပါသည်။
အဆိုပါလှူဒါန်းပစ္စည်းများအား ၂၀၂၂ ခုနှစ်၊ ဧပြီလ စတုတ္ထပတ်အတွင်း ရေကြောင်းလမ်းဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် နေပြည်တော်သို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


