(၁၀-၂-၂၀၂၃ ရက်၊ ကူမင်း)
မြန်မာ-တရုတ် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်လျက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့၏ မေတ္တာရပ်ခံချက်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Yunnan Bright Prospect Industrial ကုမ္ပဏီလီမိတက်မှ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်တိုက်ဖျက်ရာ၌ အထောက်အကူဖြစ်စေရန် မြန်မာနိုင်ငံသို့ စုစုပေါင်း တရုတ်ယွမ်ငွေ ၄၁၀,၀၀၀/- ကျော်တန်ဖိုးရှိသည့် ကိုဗစ်ရောဂါ ထိန်းချုပ်ကုသရေး အထောက်အကူပြု ပစ္စည်းများ ဖြစ်ကြသော နှာခေါင်းစည်းအရေအတွက် ၃၀၀,၀၀၀ နှင့် Test Kit အရေအတွက် ၃၀,၀၀၀ တို့အား လှူဒါန်းပေးခဲ့သည့်အတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ ဖေဖော်ဝါရီ ၁၁ ရက်နေ့၌ ကျင်းပခဲ့ပါသည်။
အဆိုပါ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားတွင် ကူမင်းမြို့အခြေစိုက် Yunnan Bright Prospect Industrial ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ မစ္စတာသွမ့်မှ လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။




