တရုတ်နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (CCPIT) ယူနန်ကောင်စီခွဲမှ ကျင်းပပြုလုပ်သည့် BCIM Business Council အစည်းအဝေးသို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ပါဝင်တက်ရောက်ခဲ့ခြင်း

(၄-၂-၂၀၂၁ ရက်၊ ကူမင်းမြို့)

တရုတ်နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (CCPIT) ယူနန်ကောင်စီခွဲမှ ကျင်းပပြုလုပ်သည့် ဘင်္လားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ပါဝင်သည့် BCIM Business Council အစည်းအဝေးအား ၄-၂-၂၀၂၁ ရက်နေ့ နေ့လယ် (၁၃၀၀) နာရီ အချိန်တွင် Online မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်နှင့် စီးပွားရေးသံမှူး ဒေါက်တာဝေရီလင်းတို့မှ ပါဝင်တက်ရောက်ခဲ့ပြီး ကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်နှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း တို့က မိန့်ခွန်းပြောကြားခဲ့ပါသည်။

အဆိုပါအစည်းအဝေးသည် ဒေသတွင်း စက်မှုလက်မှုနှင့် စီးပွားရေးလုပ်ငန်းများအတွက် ဆွေးနွေးညှိနှိုင်းမှု ယန္တရားတစ်ခု တည်ထောင်နိုင်ရေး၊ လက်တွေ့ကျသည့် ပူးပေါင်း ဆောင်ရွက်မှုတွင် ဦးဆောင်မှုပေးနိုင်ရေး၊ (၄) နိုင်ငံ၏ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအကြား ဆက်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့အတွက် ရည်ရွယ်ပြီး တရုတ် နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (CCPIT) ယူနန်ကောင်စီခွဲမှ ဦးဆောင်ကျင်းပ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။