တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ University of International Business and Economics (UIBE) ၌ ကျင်းပခဲ့သည့် (၂၂) ကြိမ်မြောက် International Youth Cultural Festival ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း(၁၄-၅-၂၀၂၆၊ ပေကျင်း)

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်သည် ၁၄-၅-၂၀၂၆ ရက်၊ နေ့လယ် (၁၄:၀၀) နာရီတွင် ပေကျင်းမြို့ရှိ University of International Business and Economic (UIBE) ၌ “Lead the Tide, Embrace the World” ခေါင်းစဉ်ဖြင့် ကျင်းပသည့် (၂၂) ကြိမ်မြောက် International Youth Cultural Festival ဖွင့်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက် ခဲ့ပါသည်။
ထို့ပြင် သံအမတ်ကြီးသည် UIBE တက္ကသိုလ်၌ တက်ရောက်နေသော မြန်မာ ကျောင်းသား၊ ကျောင်းသူများမှ ဖွင့်လှစ်ထားသည့် မြန်မာအစားအစာ ပြသရောင်းချသည့် နေရာသို့လည်း သွားရောက်ကြည့်ရှု၍ မြန်မာကျောင်းသားများအား နှုတ်ဆက်စကားပြောကြား ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တက္ကသိုလ် ကောင်စီဥက္ကဋ္ဌ Mr. Huang Baoyin အပါအဝင်၊ ပေကျင်းအခြေစိုက် နိုင်ငံခြားသံအမတ်ကြီးများ ၊ နိုင်ငံပေါင်း (၁၀၀) ကျော်မှ သံတမန်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။