(၁၃-၁-၂၀၂၃ ရက်၊ ပေကျင်း)
တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးတင်မောင်ဆွေသည် ပေကျင်းမြို့၊ St. Regis Hotel ၌ ၁၃-၁-၂၀၂၃ ရက်တွင် အာဆီယံ-တရုတ်စင်တာနှင့် တရုတ်နိုင်ငံ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသရေးရာ ဝန်ကြီးဌာန တို့မှ ပူးတွဲကျင်းပသည့် အာဆီယံ-တရုတ်တို့အကြား စိုက်ပျိုးရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် စားနပ်ရိက္ခာဖူလုံမှုနှင့် ပတ်သက်သည့် ဆွေးနွေးပွဲသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါသည်။
ရှေးဦးစွာ မြန်မာသံအမတ်ကြီးသည် ပေကျင်းမြို့ရှိ စိုက်ပျိုးရေးဆိုင်ရာ ပြတိုက်သို့ သွားရောက်၍ တရုတ်နိုင်ငံ၏ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်လာမှု၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ အတွေ့အကြုံများကို ရှင်းလင်းသည့် ပြခန်းအား အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီးနှင့် အခြားသံတမန်များ၊ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ လေ့လာကြည်ရှုခဲ့ပါသည်။ ယင်းနောက် St. Regis Hotel ၌ ကျင်းပသည့် အာဆီယံ-တရုတ်တို့အကြား စိုက်ပျိုးရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် စားနပ်ရိက္ခာဖူလုံမှုနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။







