(၂၀-၃-၂၀၂၆ ရက်၊ ပေကျင်း)
တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်သည် ၂၀-၃-၂၀၂၆ ရက်တွင် ပေကျင်းမြို့အခြေစိုက် ASEAN- China Centre (ACC) နှင့် Xiaomi ကုမ္ပဏီတို့ ပူးတွဲ၍ Xiaomi ပေကျင်းဌာနချုပ်၌ ကျင်းပခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) နှင့် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တို့၏ (Two Sessions) အစည်းအဝေးများ၌ ချမှတ်ခဲ့သည့် တရုတ်နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ (၁၅) ကြိမ်မြောက် (၅) နှစ် စီမံကိန်းဆွေးနွေးရှင်းလင်းပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပေကျင်းမြို့အခြေစိုက် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဖိလစ်ပိုင် နိုင်ငံများမှ သံအမတ်ကြီးများ၊ အခြားအာဆီယံ သံရုံးများမှ ကိုယ်စားလှယ်များနှင့် အာဆီယံ-တရုတ်စင်တာ (ACC) အတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြပြီး၊ တရုတ်နိုင်ငံ လူမှုရေးသိပ္ပံကျောင်း၊ အာရှ-ပစိဖိတ်နှင့် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာလေ့လာရေးဌာနမှ ပါမောက္ခ Mr. Xu Liping (Institute of Asia-Pacific and Global Strategy Studies of the Chinese Academy of Social Sciences) နှင့် ဗဟိုပါတီကျောင်း (အမျိုးသားအုပ်ချုပ်ရေး အကယ်ဒမီ)၊ Department of Economics of the Central Party School (National Academy of Governance) စီးပွားရေးဌာနမှ ပါမောက္ခ Ms. Ma Xiaofang တို့မှ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ (၁၅) ကြိမ်မြောက် (၅) နှစ် စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။



