(၂၈-၂-၂၀၂၆ ရက်၊ ပေကျင်း)
တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်သည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်တွင် တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်၏ တာဝန်ပေးမှုဖြင့် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ Shanghai Jiao Tong University School of Medicine ရှိ Ruijin ဆေးရုံ၌ ကျင်းပသော ဇီဝဖြစ်စဉ်ရောဂါများဆိုင်ရာ တရုတ်-SCO ပူးပေါင်းဆောင်ရွက်ရေးစင်တာ ဖွင့်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနား၌ တရုတ်နိုင်ငံ၊ အမျိုးသားကျန်းမာရေးကော်မရှင် ဒုတိယဝန်ကြီး H.E. Mr. Zheng Zhe ၊ ရှန်ဟိုင်းမြို့ ဒုတိယမြို့တော်ဝန် Mr. Chen Yujian ၊ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Liu Bin နှင့် ပေကျင်းမြို့အခြေစိုက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူးချုပ် H.E. Mr. Nurlan Yermekbayev တို့က အဖွင့်မိန့်ခွန်းများပြောကြားခဲ့ကြပြီး၊ ရှန်ဟိုင်း Ruijin ဆေးရုံနှင့် Jiao Tong ဆေးတက္ကသိုလ်တို့မှ ပညာရှင်များအပါအဝင် တရုတ်နိုင်ငံရှိ SCO အဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံအမတ်ကြီးများ၊ ကိုယ်စားလှယ်များနှင့် သံတမန်များ စုစုပေါင်း ၁၀၀ ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။


