တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ တရုတ်နိုင်ငံ၊ နိုင်ငံတကာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ China International Development Cooperation Agency (CIDCA) ညွှန်ကြားရေးမှူးချုပ်အား သွားရောက်တွေ့ဆုံ

(၆- ၂- ၂၀၂၆ ရက်၊ ပေကျင်း)

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်သည် ၆-၂-၂၀၂၆ ရက်၊ နံနက် (၁၀:၀၀) နာရီတွင် China International Development Cooperation Agency (CIDCA) ညွှန်ကြားရေးမှူးချုပ် Mr. Shou Hailong အား ပေကျင်းမြို့၊ CIDCA ရုံးချုပ်သို့ သွားရောက် တွေ့ဆုံခဲ့ပြီး၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းကိစ္စရပ်များ၊ မြန်မာနိုင်ငံ မြေငလျင်ဘေးအပြီး ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံအစိုးရမှ ပေးအပ်လျက်ရှိသည့် အကူအညီများနှင့် ထောက်ပံ့မှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။