တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ အာဆီယံနိုင်ငံသံအမတ်ကြီးများနှင့် Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် တို့အား သွားရောက်တွေ့ဆုံ

(၃၀- ၁- ၂၀၂၆ ရက်၊ ပေကျင်း)

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်သည် ၂၆-၁-၂၀၂၆ ရက်၊ နံနက် (၁၀:၀၀) နာရီတွင် တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံအမတ်ကြီး H.E. Mr. Jaime A. FlorCruz အား လည်းကောင်း၊ ၂၉-၁-၂၀၂၆ ရက်၊ ညနေ (၁၅:၀၀) နာရီတွင် တရုတ်နိုင်ငံဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ်သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Ri Ryong Nam အား လည်းကောင်း၊ ၃၀-၁-၂၀၂၆ ရက် နံနက် (၁၀:၃၀) နာရီတွင် တရုတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Djauhari Oratmangun အား လည်ကောင်း၊ ညနေ (၁၆:၀၀) နာရီတွင် တရုတ်နိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Mr. Pham Thanh Binh အားလည်းကောင်း သက်ဆိုင်ရာ သံရုံးများသို့ အသီးသီးသွားရောက်တွေ့ဆုံမိတ်ဆက်ခဲ့ပြီး၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ ဒေသတွင်းဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါသည်။

ထို့ပြင် ၂၉-၁-၂၀၂၆ ရက် နံနက် (၁၀:၀၀) နာရီတွင် SCO Secretary General H.E. Mr. Nurlan Yermekbayev ထံသို့လည်း သွားရောက်တွေ့ဆုံ၍ မိတ်ဆက်စကားပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံနှင့် SCO အဖွဲ့အစည်းအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။