(၂၃-၁-၂၀၂၆ ရက်၊ ပေကျင်း)
တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်သည် ၂၁-၁-၂၀၂၆ ရက်၊ နံနက် (၁၀:၀၀) နာရီတွင် တရုတ်နိုင်ငံဆိုင်ရာဘရူနိုင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Pehin Dato Rahmani Dato Basir အား လည်းကောင်း၊ ၂၃-၁-၂၀၂၆ ရက် နံနက် (၁၁:၀၀) နာရီတွင် လာအိုနိုင်ငံ သံအမတ်ကြီး H.E. Mr. Somphone Sichaleune အား လည်ကောင်း၊ (၁၄:၀၀) နာရီတွင် ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Chatchai Viriyavejakul အား လည်းကောင်း၊ (၁၅:၀၀) နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး H.E. Dr. Soeung Rathchavy အား လည်းကောင်း သက်ဆိုင်ရာ သံရုံးများအသီးသီးသို့ သွားရောက်တွေ့ဆုံမိတ်ဆက်ခဲ့ပြီး၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါသည်။
ထို့ပြင် ၂၃-၁-၂၀၂၆ ရက် နံနက် (၁၀:၀၀) နာရီတွင် အာဆီယံ-တရုတ်စင်တာမှ အတွင်းရေးမှူးချုပ် H.E. Mr. Shi Zhongjun ထံသို့လည်း သွားရောက်တွေ့ဆုံခဲ့ပြီး၊ အာဆီယံ- တရုတ် ချစ်ကြည် ရင်းနှီးသည့်ဆက်ဆံရေးမြှင့်တင်မှုနှင့် အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံ၊ သက်ဆိုင်ရာအစိုးရနှင့် အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။





