



(၁၀-၁-၂၀၂၃ ရက်၊ ပေကျင်း)
တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးတင်မောင်ဆွေသည် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မစ္စတာလျှိုကျင်းဆုံ အား ၁၀-၁-၂၀၂၃ ရက်၊ ၁၀၀၀ နာရီတွင် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထို့သို့တွေ့ဆုံစဉ် မြန်မာ-တရုတ် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အပြန်အလှန်ဖလှယ်မှုများ တိုးမြှင့်သွားရေးနှင့် အရေးကြီးသည့် စီမံကိန်းများ အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်သွားနိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

