(၂၂- ၁- ၂၀၂၆ ရက်၊ ပေကျင်း)
တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့် သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်တွင် ACB အလှည့်ကျဥက္ကဋ္ဌ ပေကျင်းမြို့၊ ထိုင်းနိုင်ငံသံရုံးမှ ကြီးမှူး၍ Beijing International Club ရှိ Lifetree Library ၌ ကျင်းပခဲ့သည့် ပေကျင်းမြို့အာဆီယံကော်မတီ (ASEAN Committee in Beijing – ACB) အစည်းအဝေးနှင့် ထိုင်းနိုင်ငံမှ တီမောလက်စ်တေနိုင်ငံသို့ ACB အလှည့်ကျ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းသည့် အခမ်းအနားတို့သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသော အာဆီယံသံအမတ်ကြီးများနှင့် ကိုယ်စားလှယ် များက ယခင် အာဆီယံကော်မတီ (ACB) ၏ အစည်းအဝေးမှတ်တမ်း (Summary Record) အား အတည်ပြုခဲ့ပြီး အာဆီယံ-တရုတ်ဆွေးနွေးဖက်ဆက်ဆံရေး၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ သက်ဆိုင်ရာ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နေမှု အခြေအနေများနှင့် ဒေသတွင်းဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် မြန်မာသံအမတ်ကြီးသည် ထိုင်းနိုင်ငံသံအမတ်ကြီးမှ St. Regis Hotel ရှိ Xuncai Japanese Restaurant ၌ တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ ပါဝင် တက်ရောက်၍ အာဆီယံသံအမတ်ကြီးများနှင့် ရှိရင်းစွဲ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကို ရင်းနှီးစွာပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။



