တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးမှ ချုံချင့်-ရန်ကုန်လေကြောင်းလိုင်းမြှင့်တင်ခြင်းအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

(၅-၁၂-၂၀၂၅ ရက်၊ ချုံချင့်)

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့၌ ၄-၁၂-၂၀၂၅ ရက်တွင် ကျင်းပခဲ့သည့် West Air လေကြောင်းလိုင်း၏ ချုံချင့်-ရန်ကုန် ကုန်သယ် လမ်းကြောင်းလိုင်း မြှင့်တင်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။ 

မြန်မာသံအမတ်ကြီးက မိန့်ခွန်းပြောကြားရာ၌ ချုံချင့်မြို့သည် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် ယန်ဇီမြစ်စီးပွားရေးခါးပတ်လမ်းကြောင်းတို့ ဆုံမှတ်နေရာတွင် တည်ရှိသည့်အတွက် Chengdu-Chongqing Twin Cities Economic Circle နှင့် New Western Land-Sea Corridor တို့ကဲ့သို့ သော တရုတ်နိုင်ငံ၏ အရေးပါသည့် မဟာဗျူဟာမြောက်စီမံကိန်းများ အကောင်အထည်ဖော် နိုင်မည့် အားသာချက်များ ရှိကြောင်း၊ အဆိုပါစီမံကိန်းများသည် နိုင်ငံတကာထောက်ပံ့ပို့ဆောင် ရေးကွင်းဆက်ကို မြှင့်တင်နိုင်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူအချင်းချင်းဖလှယ် မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ကြောင်း၊ West Airline ဖြင့် ချုံချင့်-ရန်ကုန် လေကြောင်းလိုင်းသစ် ပြေးဆွဲနိုင်မည်ဆိုပါက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား စီးပွားဆက်ဆံမှု၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ယဉ်ကျေးမှုဖလှယ်ရေးတို့ကို ခိုင်မာအားကောင်းစေနိုင်သည့် အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်လာမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးတွင် အခွင့်အလမ်းသစ်များ ဖန်တီးပေး နိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ 

ထို့နောက် မြန်မာသံအမတ်ကြီးသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ်ခဲ့ပြီး အပြန်အလှန်အကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက်၍ ရေရှည်အတွက် မှန်မှန်ကန်ကန် ညီညီ ညွတ်ညွတ်ဖြင့် ကြိုးစားလုပ်ကိုင်သွားမည်ဆိုပါက အကျိုးအမြတ်များစွာ ဖြစ်ထွန်းနိုင်မည် ဖြစ်ကြောင်းဖြင ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ချုံချင့်မြူနီစီပယ် ပြည်ပရောက်တရုတ်နိုင်ငံသားများရုံး ညွှန်ကြားရေးမှူး Mr. Wang Jianguo ၊ ချုံချင့်မြူနီစီပယ် လေကြောင်းဌာနညွှန်ကြားရေးမှူး Mr. Hu Xiaofeng၊ ချုံချင့်နိုင်ငံခြားရေးရုံးဒုတိယညွှန်ကြားရေးမှူး Mr. Feng Zi-min၊ International Airport Co., Ltd. ဒုတိယအထွေထွေမန်နေဂျာ Mr. Shao Jin၊ Jiangbei၊ Western Airlines ဥက္ကဋ္ဌ Mr. Wang Ke နှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

*************************