တတိယအကြိမ်မြောက် Indo-Pacific Economic Conclave ဖွင့်ပွဲအခမ်းအနားနှင့် Special Session II သို့ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက် (၁၈-၉-၂၀၂၅ ရက်)

(၁၈-၉-၂၀၂၅ ရက်၊ ကော်လ်ကတ္တားမြို့)

မြန်မာကောင်စစ်ဝန်ချုပ်သည် ၁၈-၉-၂၀၂၅ ရက်၊ နေ့လည် ၃:၃၀ နာရီတွင် အိန္ဒိယ သမ္မတနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ကော်လ်ကတ္တားမြို့ BCC&I အဆောက်အဦ၌ ဘင်္ဂလားကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်း (BCC&I) နှင့် အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် တတိယအကြိမ်မြောက် Indo-Pacific Economic Conclave ဖွင့်ပွဲအခမ်းအနားနှင့် Special Session II သို့ ဧည့်သည်တော်နှင့် Panelist အဖြစ် စီးပွားရေးသံမှူးနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါ ညီလာခံသို့ အိန္ဒိယအစိုးရ ပြည်ပရေးရာ ဝန်ကြီးဌာန ပူးတွဲအတွင်းဝန် Mr. Shri A. Ajay Kumar၊ အနောက်ဘင်္ဂလား ပြည်နယ်အစိုးရ Additional Chief Secretary ဖြစ်သူ Mr. Shri Rajesh Pandey၊ အိန္ဒိယနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီး H.E. Dato’ Muzafar Shah Mustafa၊ Ambassador, Secretary General of BIMSTEC အထွေထွေအတွင်းရေးမှူးချုပ် သံအမတ် ကြီး Indra Mani Pandey၊ သံအမတ်ကြီးဟောင်း Mr. Manjeev Singh Puri နှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ မီဒီယာများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ ညီလာခံကို (၂) ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး၊ အိန္ဒိယ အစိုးရတာဝန်ရှိသူများ၊ နိုင်ငံတကာသံတမန်များ၊ အပြည်ပြည်ဆိုင်ရာမှ ကုန်သည်နှင့် စက်မှုလက်မှုအသင်း ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူများနှင့် ကျွမ်းကျင်သူများက အင်ဒို-ပစိတ်ဖိတ် ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ ဒေသတွင်း ရေကြောင်းမိတ်ဘက်ဖြစ်မှုနှင့် ဒေသတွင်းနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။