ဆော်ဒီအာရေဗျနိုင်ငံ၊ State Minister for Foreign Affairs, H.E. Mr. Adel bin Ahmed Al-Jubeir နှင့် အာဆီယံ သံအမတ်ကြီးများ၏ အလုပ်သဘော နေ့လယ်စာ စားပွဲသို့ မြန်မာသံအမတ်ကြီးတက်ရောက်(၁၇-၃-၂၀၂၃ ရက်)

(၁၇-၃-၂၀၂၃ ရက်၊ ရီယာဒ်)

ASEAN-RIYADH Committee ၏ ၂၀၂၃ ခုနှစ်အတွက် အလှည့်ကျဥက္ကဌ ဖြစ်သော ဗီယက်နမ် နိုင်ငံသံရုံးမှ ဦးဆောင်၍ စင်ကာပူ သံအမတ်ကြီး၏နေအိမ်၌ ၁၆-၃-၂၀၂၃ ရက်၊ ၁၃၀၀ နာရီအချိန်တွင် ပြုလုပ်သည့် ဆော်ဒီအာရေဗျနိုင်ငံ၊ State Minister for Foreign Affairs, H.E. Mr. Adel bin Ahmed Al-Jubeir နှင့် အာဆီယံ သံအမတ်ကြီး များ၏ အလုပ်သဘော နေ့လယ်စာ စားပွဲ (Working Lunch) သို့ ဆော်ဒီအာရေဗျနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ယု ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါ နေ့လယ်စာ စားပွဲတွင် ဆော်ဒီအာရေဗျနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံတို့အကြား နှစ်နိုင်ငံကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ဆော်ဒီအာရေဗျနိုင်ငံနှင့် အာဆီယံအဖွဲ့တို့အကြား ဆက်ဆံရေးနှင့် အပြန်အလှန် အကျိုးစီးပွားဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ASEAN-GCC ဆက်ဆံရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြပါသည်။

ထို့ပြင်ဝန်ကြီး H.E. Mr. Adel bin Ahmed Al-Jubeir က ဆော်ဒီနိုင်ငံမှ အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိသည့် ဆော်ဒီနိုင်ငံ၏ မျှော်မှန်းချက် ၂၀၃၀ (Vision 2030) နှင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာကိစ္စနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပါသည်။ ဆက်လက်၍ နှစ်ဦးနှစ်ဘက် စိတ်ဝင် စားသည့် လတ်တလော ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။