(၂၉-၁-၂၀၂၆ ရက်၊ ရီရတ်ဒ်)
ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ သံတမန်များအဖွဲ့နာယကမှ ရီရတ်ဒ်မြို့သို့ တာဝန် ထမ်းဆောင်ရန် အသစ်ရောက်ရှိလာသည့် မြန်မာ ၊ ပနားမား ၊ ကိုမိုရို ၊ သြစတြေးလျ နှင့် လက်ဘလွန်နိုင်ငံ သံအမတ်ကြီးများအား ကြိုဆိုခြင်းနှင့် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာ မည့် ထိုင်းနိုင်ငံ နှင့် တူကီယဲနိုင်ငံ သံအမတ်ကြီးများအား နှုတ်ဆက် ဧည့်ခံပွဲ အခမ်းအနားကို ၂၈.၁.၂၀၂၆ ရက်နေ့ ၁၁:၃၀ နာရီတွင် ရီရတ်ဒ်မြို့ရှိ သံတမန်များအဖွဲ့နာယက ဂျီဘူတီနိုင်ငံ သံအမတ်ကြီး၏ နေအိမ်၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံအမတ်ကြီး ဦးနေမျိုးဦး ပါဝင်တက်ရောက်ခဲ့ပါသည်။



