ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးနေမျိုးဦးမှ စင်ကာပူနိုင်ငံ သံအမတ်ကြီးအား သွားရောက်တွေ့ဆုံ

(၂၇-၁၁-၂၀၂၅၊ ရီရတ်ဒ်)

ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးနေမျိုးဦးသည် စင်ကာပူနိုင်ငံ သံအမတ်ကြီး H.E. Mr. S Premjith အား ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက် (၁၁:၃၀)နာရီ အချိန်တွင် ရီရတ်ဒ်မြို့ရှိ စင်ကာပူသံရုံးသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ သံအမတ်ကြီးများက မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ပိုမိုခိုင်မာစေရေး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး သံအမတ်ကြီး ဦးနေမျိုးဦးက မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေ အနေများနှင့် အထွေထွေရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေမှုများနှင့်ပတ်သက်၍ အသိပေး ပြောကြားခဲ့ပြီး စင်ကာပူသံအမတ်ကြီးထံ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။

*****************************