(၂၅-၁၁-၂၀၂၅ ရက်၊ ရီရတ်ဒ်)
ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးနေမျိုးဦးသည် အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Dr. Abdul Aziz Ahmad အား ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက် (၁၁:၀၀)နာရီအချိန်တွင် ရီရတ်ဒ်မြို့ရှိ အင်ဒိုနီးရှားသံရုံးသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ သံအမတ်ကြီးများက မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ပိုမိုခိုင်မာစေရေး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး သံအမတ်ကြီး ဦးနေမျိုးဦးက မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေ အနေများနှင့် အထွေထွေရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေမှုများနှင့်ပတ်သက်၍ အသိပေး ပြောကြားခဲ့ပြီး အင်ဒိုနီးရှားသံအမတ်ကြီးထံ အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။

