ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ASEAN Family’s Day အခမ်းအနားနှင့် အာဆီယံ-ရီယာဒ်ကော်မတီ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်သည့်အခမ်းအနားသို့ ပါဝင်တက်ရောက်(၃၀-၁၂-၂၀၂၂ ရက်)

(၃၀-၁၂-၂၀၂၂ ရက်၊ ရီယာဒ်)
 
ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ယုသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ၂၀၂၂ ခုနှစ်အတွက် အာဆီယံ-ရီယာဒ်ကော်မတီ (ASEAN-Riyadh Committee) ၏ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ထိုင်းနိုင်ငံသံရုံးက ကြီးမှူးကျင်းပသည့် ASEAN Family’s Day အခမ်းအနားနှင့် ၂၀၂၃ ခုနှစ်အတွက် အာဆီယံ-ရီယာဒ် ကော်မတီ (ASEAN-Riyadh Committee) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်သည့်အခမ်းအနားသို့ ရီယာဒ်မြို့အခြေစိုက် အာဆီယံနိုင်ငံ သံရုံးများမှ သံအမတ်ကြီးများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
 
အခမ်းအနားတွင် အာဆီယံ – ရီယာဒ်ကော်မတီ (ASEAN-Riyadh Committee) ၏ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Darm Boontham က ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြား၍ အာဆီယံ-ရီယာဒ်ကော်မတီ (ASEAN-Riyadh Committee) ၏ ဥက္ကဋ္ဌတာဝန်ကို ၂၀၂၃ ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Dang Xuan Dung ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ထို့နောက် ASEAN Family’s Day အခမ်းအနားကို ကျင်းပခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ မိမိတို့နိုင်ငံအလိုက် အစားအစာများဖြင့် တည်ခင်းဧည့်ခံကြပြီး ကစားပွဲများနှင့် ယဉ်ကျေးမှု‌အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။