(၁၅-၂-၂၀၂၃ ရက်၊ ရီယာဒ်)
ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ယုသည် ရီယာဒ်မြို့အခြေစိုက် အာဆီယံ-ရီယာဒ် ကော်မတီ (ASEAN-RIYADH Committee) ၏ ၂၀၂၃ ခုနှစ်၊ အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်သံရုံး၌ ၁၅-၂-၂၀၂၃ ရက်၊ နံနက် ၁၁၀၀ နာရီတွင် ကျင်းပသည့် အာဆီယံသံအမတ်ကြီးများ၏ ပထမအကြိမ်အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ဆော်ဒီအာရေဗျနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံတော်အကြီးအကဲများနှင့် ပြည်ထောင်စုဝန်ကြီးများအဆင့် အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှုများနှင့် စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ အပါအဝင် ASEAN-GCC ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်း၌ ရောက်ရှိအလုပ်လုပ်ကိုင်လျက်ရှိသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အလုပ်သမားများ၏ အရေးကိစ္စများ၊ ၂၀၂၃ ခုနှစ်အတွင်း အာဆီယံ-ရီယာဒ်ကော်မတီမှ ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။


