ဆိုးလ်မြို့တွင် ကျင်းပသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ တပ်မတော်နေ့အခမ်းအနားသို့ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးနှင့် မြန်မာစစ်သံမှူး (ကြည်း၊ ရေ၊ လေ)တို့ တက်ရောက်

(၂၁-၂-၂၀၂၆ ရက်၊ ဆိုးလ်)

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံတော်သံအမတ်ကြီး H.E. Georgy Zinoviev နှင့် စစ်သံမှူး Col. Nikolai Marchenko တို့၏ ဖိတ်ကြားချက်အရ ဆိုးလ်မြို့တွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညပိုင်းက ရုရှားသံရုံးတွင် ကျင်းပသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ တပ်မတော်နေ့အခမ်းအနားသို့ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်နှင့် ဇနီး၊ မြန်မာစစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ဝင့်သူနှင့် ဇနီးတို့ တက်ရောက်ခဲ့ကြသည်။

ရုရှားတပ်မတော် စတင်ထူးထောင်ခဲ့သည့် ၁၉၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့အား အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပခြင်းဖြစ်ပြီ ရုရှားတပ်မတော်နှင့်တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သူ စစ်မှုထမ်းများ၊ လက်ရှိစစ်မှုထမ်းများအား ဂုဏ်ပြုခြင်း၊ နိုင်ငံတော်ကာကွယ်ရေးတွင် ပါဝင်ခဲ့သူများအားအလေးထားသည့်အနေဖြင့် ကျင်းပခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားသို့ ဆိုးလ်မြို့အခြေစိုက် နိုင်ငံတကာသံရုံးများမှသံအမတ်ကြီးများ၊ စစ်သံမှူးများနှင့် ဖိတ်ကြားသူများတက်ရောက်ခဲ့ကြပါသည်။