(၁၆-၅-၂၀၂၃ ရက်နေ့၊ ရန်ကုန်မြို့)
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ မြန်မာသံရုံး၊ ဗန်ကောက်မြို့မှတစ်ဆင့် ပေးပို့လှူဒါန်းသည့် ထိုင်းဘတ်ငွေ (၁၆၀,၈၀၀) တန်ဖိုးရှိ Chain Saw အလုံးရေ (၃၀)နှင့် ဆက်စပ်ပစ္စည်းများအား နိုင်ငံခြားရေး ဝန်ကြီးဌာနကိုယ်စား ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းမှ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းစိုးထံသို့ ၁၆-၅-၂၀၂၃ ရက်နေ့၊ ညနေ (၁၈၀၀) နာရီအချိန်တွင် လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။


