ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးက ဆားဘီးယားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်ဝန်ကြီးအား သွားရောက်တွေ့ဆုံ

(၁၃-၉-၂၀၂၆၊ ဘဲလ်ဂရိတ်)

ဆားဘီးယားနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးသန်းထွေးသည် ဆားဘီးယားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်ဝန်ကြီး H.E Mrs. Tamara Rastovac Siamashvili အား ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။အဆိုပါတွေ့ဆုံမှုတွင် နှစ်နိုင်ငံအကြားရှိ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ပိုမိုခိုင်မာစေရေးနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။