ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးက ဆားဘီးယားနိုင်ငံ၊ ပညာရေးဝန်ကြီးဌာနမှ လက်ထောက်ဝန်ကြီးအား သွားရောက်တွေ့ဆုံခဲ့ခြင်း

(၂၈-၇-၂၀၂၆၊ ဘဲလ်ဂရိတ်)

ဆားဘီးယားနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးသန်းထွေးသည် ဆားဘီးယားနိုင်ငံ၊ ပညာရေးဝန်ကြီးဌာနမှ လက်ထောက်ဝန်ကြီး ပါမောက္ခ Dr. Janko Samardžic MD အား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်၊ နံနက် ၁၀:၀၀ နာရီ အချိန်တွင် ပညာရေးဝန်ကြီးဌာနသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။

အဆိုပါတွေ့ဆုံမှုတွင် နှစ်နိုင်ငံအကြားရှိ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ မြန်မာနိုင်ငံမှ ကျောင်းသားများ ဆားဘီးယားနိုင်ငံသို့ ပညာတော်သင်စေလွှတ်နိုင်ရေးအခြေအနေ၊ နှစ်နိုင်ငံအကြားတက္ကသိုလ်များ၊ ဆေးပညာရပ်နှင့် ပတ်သက်သည့်လေ့လာမှုများ၊ ဘာသာရပ်ဆိုင်ရာလေ့လာမှုများ၊ အပြန်အလှန်ဖလှယ်ရေး အစီအစဉ်များနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။