ဆားဘီးယားနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးသည် ဆားဘီးယားသမ္မတနိုင်ငံ ဝန်ကြီးချုပ်မှ တည်ခင်းဧည့်ခံသည့် နေ့လယ်စာ စားပွဲသို့ တက်ရောက်ခဲ့ခြင်း

(၉-၇-၂၀၂၆၊ ဘဲလ်ဂရိတ်)

မြန်မာသံရုံး၊ ဘဲလ်ဂရိတ်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးသန်းထွေးသည် ဆားဘီးယားသမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် HE. Mr. Duro Macut က ၈-၇-၂၀၂၆ ရက် (ဗုဒ္ဓဟူးနေ့) Tolstoy Members Club ၌ တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါ နေ့လည်စာစားပွဲ၌ ဝန်ကြီးချုပ်က ဆားဘီးယားနိုင်ငံအစိုးရအပေါ် စဉ်ဆက်မပြတ် ထောက်ခံအားပေးခဲ့ကြသည့် အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဆားဘီးယား နိုင်ငံအနေဖြင့် သက်ဆိုင်ရာနိုင်ငံများနှင့် ရင်းနှီးချစ်ကြည်သော ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းသွားရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်သွားရန် ကတိကဝတ်ပြုထားကြောင်းကိုလည်း ထပ်လောင်း အတည်ပြုပြောကြားခဲ့သည်။