ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး/ သံရုံးယာယီတာဝန်ခံဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ နိုင်ငံတကာလွှတ်တော်များအဖွဲ့ညီလာခံ (Inter-Parliamentary Union -IPU) ၏ အမျိုးသမီးလွှတ်တော်အမတ်များဆိုင်ရာ ၂၀၂၆ ခုနှစ်၊ IPU ညီလာခံသို့ တက်ရောက်(၅-၆-၂၀၂၆၊ ဘဲလ်ဂရိတ်)

နိုင်ငံတကာလွှတ်တော်များအဖွဲ့ညီလာခံ (Iner- Parliamentary Union- IPU) ၏ အမျိုးသမီးလွှတ်တော်အမတ်များဆိုင်ရာ ၂၀၂၆ ခုနှစ် IPU ညီလာခံကို ဘဲလ်ဂရိတ်မြို့ရှိ၊ Sava Centerတွင် ၂၀၂၆ ခုနှစ် ဇွန်လ ၂ ရက်မှ ၄ ရက်အထိ ကျင်းပခဲ့ပြီး အဆိုပါညီလာခံကို ဆားဘီးယားနိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ Ms. Ana Brnabić ၊ နိုင်ငံတကာလွှတ်တော်များ ညီလာခံ ဥက္ကဋ္ဌ Dr.Tulia Ackson တို့က အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့ပါသည်။
အဆိုပါညီလာခံ၌ အမျိုးသမီးများ နိုင်ငံရေးနယ်ပယ်သို့ ပါဝင်ဆောင်ရွက်ရာတွင် တွေ့ကြုံ ရသည့် စိန်ခေါ်မှုများနှင့်် နိုင်ငံရေးနှင့် ဆုံးဖြတ်ချက်လုပ်ငန်းစဉ်များ၊ ကျား-မတန်းတူညီမျှမှု မြင့်တင်နိုင်ရေး၊ အမျိုးသမီးများ နိုင်ငံရေးပါဝင်မှုအပေါ် ခွဲခြားသည့် ကျား-မအမြင် သတ်မှတ်ချက် များ၊ ကျား-မတန်းတူညီမျှမှုကို အဟန့်အတားဖြစ်စေသည့် အတားအဆီးများ၊ အမျိုးသမီးများ နိုင်ငံရေးပါဝင်မှုအပေါ် အွန်လိုင်းမှ နိုင်ငံရေးတိုက်ခိုက်မှုများ၊ ကောင်းမွန်ပြည့်စုံသည့် လူမှု ဝန်းကျင်တစ်ရပ် ဖြစ်ပေါ်ရေးအတွက် လွှတ်တော်၌ ကျား-မတန်းတူညီမျှစွာ ပါဝင်နိုင်မှု မြင့်တင်ရေး နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
၂၀၂၆ ခုနှစ် နိုင်ငံတကာလွှတ်တော် ညီလာခံသို့ နိုင်ငံပေါင်း ၆၅ နိုင်ငံက လွှတ်တော်ဥက္ကဋ္ဌ များ၊ ဒုတိယလွှတ်တော်ဥက္ကဋ္ဌများ၊ လွှတ်တော်အမတ်များ၊ ပညာရှင်များတက်ရောက်ခဲ့ကြပြီး မြန်မာသံရုံး၊ ဘဲလ်ဂရိတ်မြို့မှ သံအမတ်ကြီး/သံရုံးယာယီတာဝန်ခံ ဦးသန်းထွေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့လည်း ပါဝင်တက်ရောက်ခဲ့ပါသည်။