ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့အခမ်းအနားကို ဆားဘီးယားနိုင်ငံ၊ (Novisad )မြို့ရှိ အောက်စဖို့ဒ် ဗုဒ္ဓဝိဟာရကျောင်းတိုက်၌ ၂၀၂၆ ခုနှစ် မေလ ၂ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို သံဃာတော်များက နမောတဿရွတ်ဆို၍ ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာ့ဓလေ့ ထုံးတမ်း အစဉ်အလာနှင့််အညီ တရားဘာဝနာများပွားများခြင်း၊ သံဃာတော်များကို ဆွမ်းများ ကပ်လှူခြင်းတို့ ပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မြန်မာသံအမတ်ကြီး/သံရုံးယာယီတာဝန်ခံ ဦးသန်းထွေး၊ ဆားဘီးယားနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့် ဆားဘီးယားနိုင်ငံရှိ ထေရဝါဒအသင်း ဥက္ကဋ္ဌ နှင့် ဗုဒ္ဓဘာသာဝင်များ၊ မြန်မာသံရုံး ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။




