ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး/သံရုံးယာယီတာဝန်ခံက  ဆားဘီးယားနိုင်ငံ၊ The Institute for Recent History of Serbia အကြီးအကဲအား သွားရောက်တွေ့ဆုံ

(၂-၄-၂၀၂၆၊ ဘဲလ်ဂရိတ်မြို့)

မြန်မာသံရုံး၊ ဘဲလ်ဂရိတ်မြို့ရှိ သံအမတ်ကြီး/သံရုံးယာယီတာဝန်ခံ ဦးသန်းထွေးသည်         ၃၁-၃-၂၀၂၆ ရက်၊ (အင်္ဂါနေ့)၊ ၁၁:၀၀ နာရီအချိန် ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့ရှိ  The Institute for Recent History of Serbia သို့ သွားရောက်၍  အကြီးအကဲဖြစ်သူ Mr. Vladan Jovanovic နှင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဆားဘီးယားနှစ်နိုင်ငံ တက္ကသိုလ်များအကြား ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် အဖွဲ့အစည်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မှု အလားအလာများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။