(၅-၉-၂၀၂၄၊ ဘဲလ်ဂရိတ်)
မြန်မာသံရုံး၊ ဘဲလ်ဂရိတ်မြို့မှ သံအမတ်ကြီး ဦးအောင်မင်းဦးသည် ၅-၉-၂၀၂၄ ရက် ၁၃:၀၀ နာရီတွင် ဘဲလ်ဂရိတ်မြို့ရှိ ဆလိုဗက်သမ္မတနိုင်ငံသံရုံးမှ ကျင်းပပြုလုပ်ခဲ့သော ဆလိုဗက် သမ္မတနိုင်ငံ Constitution Day နှင့် the Armed Forces Day အခမ်းအနားသို့ ပါဝင်တက်ရောက် ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဆားဘီးယားနိုင်ငံ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့် အရာရှိကြီးများ၊ ဘဲလ်ဂရိတ်မြို့ အခြေစိုက်သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံ များနှင့် စစ်သံမှူးများ အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
****************************



