စင်ကာပူနှင့် ယူအေအီးနိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၄၀ ပြည့် အထိမ်းအမှတ် စာအုပ်စာတမ်းများ လွှဲပြောင်းပေးအပ်ပွဲနှင့် ဓာတ်ပုံပြပွဲ အခမ်းအနားသို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်

(၂၅-၉-၂၀၂၅ ရက်၊ အဘူဒါဘီ)

မြန်မာသံရုံး၊ အဘူဒါဘီမြို့မှ သံအမတ်ကြီး ဦးကျော်ကျော်မင်းသည် ၂၅-၉-၂၀၂၅ ရက် (ကြာသပတေးနေ့) ၁၅၀၀ နာရီ၌ ယူအေအီးနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီး H.E Kamal R. Vaswani ၏ ဖိတ်ကြားချက်အရ စင်ကာပူနှင့် ယူအေအီးနိုင်ငံ တို့အကြား သံတမန်ဆက်ဆံရေး နှစ် ၄၀ ပြည့် အထိမ်းအမှတ်အခါသမယကို ဂုဏ်ပြုသောအားဖြင့် စင်ကာပူနိုင်ငံသံရုံးနှင့် ယူအေအီးနိုင်ငံ အမျိုးသားစာကြည့်တိုက်နှင့် မော်ကွန်းတိုက်တို့ ပူးပေါင်း၍ အဘူဒါဘီမြို့ရှိ Anwar Gargash Diplomatic Academy (AGDA) တွင် ကျင်းပခဲ့သည့် စာအုပ်စာတမ်းများ လွှဲပြောင်းပေးအပ်ပွဲနှင့် ဓာတ်ပုံပြပွဲအခမ်းအနားသို့ အဘူဒါဘီမြို့အခြေစိုက် ဖိတ်ကြားထားသော နိုင်ငံတကာမှ သံအမတ်ကြီးများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ယူအေအီးနိုင်ငံသမ္မတ၏ သံတမန်ဆိုင်ရာ အကြံပေးနှင့် Anwar Gargash Diplomatic Academy ၏ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ H.E. Dr. Anwar Mohammed Gargash တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး စင်ကာပူနိုင်ငံမှ လွှဲပြောင်းပေးအပ်သည့် စာအုပ်စာတမ်းများနှင့် စာစောင်များကို လက်ခံရယူကာ အခမ်းအနားသို့ တက်ရောက်လာကြသည့် သံတမန်များနှင့်အတူ ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ၊ စင်ကာပူနိုင်ငံရှိ ပညာရှင်အသီးသီးတို့မှ ဘာသာရပ်အလိုက် ရေးသားထုတ်ဝေခဲ့ကြသည့် ပညာရပ်ဆိုင်ရာ စာအုပ်၊ စာတမ်း၊ စာစောင်များကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

*********