အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် စင်ကာပူနိုင်ငံ၊ ဥပဒေရေးရာဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပူးတွဲဝန်ကြီး Mr. Edwin Tong, SC ၏ ဖိတ်ကြားချက်အရ ၂၈-၄-၂၀၂၆ ရက်တွင် အဒစ်အဘာဘာမြို့၊ Hyatt Regency ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် စင်ကာပူနိုင်ငံ၏ နိုင်ငံတကာဥပဒေရေးရာသံအမတ်ကြီးနှင့် နိုင်ငံတကာ တရားရုံး (ICJ) တရားသူကြီးကိုယ်စားလှယ်လောင်း Ms. Rena Lee အား ဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် ညစာစားပွဲသို့အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အီသီယိုပီးယားနိုင်ငံအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ၊ အာဖရိကသမဂ္ဂမှ အဆင့်မြင့်အရာရှိကြီးများ၊ အဒစ်အဘာဘာမြို့အခြေစိုက် သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။



