စင်ကာပူနိုင်ငံရှိ Temasek Foundation မှ မြန်မာနိုင်ငံအတွက် Test Kit ၁၀,၀၀၀ နှင့် Ventilator ၁ ခု လှူဒါန်းခဲ့ခြင်း

(၂၆-၃-၂၀၂၀ ရက် ၊စင်ကာပူ)

၁။ ကမ္ဘာနှင့်အဝှမ်း ဖြစ်ပွားလျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါ (COVID-19) နှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနတွင် လိုအပ်သကဲ့သို့ အသုံးပြုနိုင်ရန်အတွက် စင်ကာပူနိုင်ငံရှိ Temasek Foundation မှ A* STAR Fortitude Kit 2.0 အခုရေ ၁၀,၀၀၀ (တစ်သောင်း) နှင့် Medtronic Puritan Bennett Universal Ventilator System with Compressor ၁ စုံ ပေးပို့လှူဒါန်းမှု အခမ်းအနားအား ၂၆-၃-၂၀၂၀ ရက် ၊ နံနက် (၁၁၀၀) နာရီအချိန်တွင် မြန်မာသံရုံး၊ စင်ကာပူမြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး Temasek Foundation မှ Chief Executive Mr. Benedict Cheong မှ မြန်မာသံအမတ်ကြီး ဦးဌေးအောင်ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။

၂။ အဆိုပါ လှူဒါန်းသည့် ပစ္စည်းများအနက် Oxygen Concentrator ၁၀ ခုကို ၂၅-၃-၂၀၂၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပေးပို့ခဲ့ပြီးဖြစ်ကာ ကျန်လှူဒါန်းပစ္စည်းများအား ၂၇-၃-၂၀၂၀ ရက်နေ့တွင် မြန်မာအမျိုးသားလေကြောင်း (Myanmar National Airways-MNA) ဖြင့် ဆက်လက်ပေးပို့သွားမည် ဖြစ်ပါသည်။

၃။ Temasek Foundation မှ နောက်ထပ် Medtronic Puritan Bennett Universal Ventilator System with Compressor ၃ စုံ လှူဒါန်းမည်ဖြစ်ကြောင်း သိရှိရပြီး၊ လက်ခံရရှိပါက ဆောလျင်စွာ ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။