(၁၄-၃-၂၀၂၂ ရက်၊ စင်ကာပူ)
၁။ စင်ကာပူနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများအား ၁၄-၃-၂၀၂၂ (တနင်္လာနေ့)၊ ဒေသစံတော်ချိန် (၁၂:၃၀) နာရီတွင် (၉၅)ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight)အဖြစ် မြန်မာအမျိုးသား လေကြောင်းလိုင်း (Myanmar National Airlines – MNA) ပျံသန်းအမှတ် UB 1002 ဖြင့် စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။
၂။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် စင်ကာပူနိုင်ငံသို့ ကာလတိုလာရောက်စဉ် COVID-19 ကြောင့် ပိတ်မိနေသူများ၊ စင်ကာပူနိုင်ငံတွင် ပညာသင်ကြားနေသည့် ကျောင်းသား/ကျောင်းသူများ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ အလုပ်လုပ်ခွင့်ပါမစ် ဖျက်သိမ်း/ရပ်နားခြင်း ခံထားရသူများ၊ သင်္ဘောသားများနှင့် မြန်မာနိုင်ငံရှိ မိသားစုများထံ အလည်အပတ် ပြန်ကြသူများ အပါအဝင် စုစုပေါင်း (၁၂၆) ဦး လိုက်ပါသွားကြပါသည်။
၃။ လိုက်ပါမည့် မြန်မာနိုင်ငံသားများအနေဖြင့် လေဆိပ်၌ လူဝင်မှုကြီးကြပ် ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် အခက်အခဲ မရှိစေရေးနှင့် စင်ကာပူနိုင်ငံမှ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံးမှ တာဝန်ရှိသူများက ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။



