ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် လှူဒါန်းငွေအား မြန်မာသံရုံးယာယီတာဝန်ခံက လက်ခံခဲ့ခြင်း (၂-၅-၂၀၂၅ ရက်)

(၂-၅-၂၀၂၅၊ ဟနွိုင်း)
မြန်မာနိုင်ငံ၌ ၂၈-၃-၂၀၂၅ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်သင့်ဒေသများရှိ မြန်မာ ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အထောက်အပံ့ ဖြစ်စေနိုင်ရန်အတွက် ဟိုချီမင်းမြို့အခြေစိုက် ဗီယက်နမ်နေ့စဉ်သတင်းစာစောင်တစ်ခုဖြစ်သည့် Tuoi Tre Newspaper မှဦးဆောင်၍ သတင်းစာဝယ်ယူဖတ်ရှုသူများ၏ စုပေါင်းထည့်ဝင်လှူဒါန်းငွေ ဗီယက်နမ်ဒေါင် ၈၄၅,၅၉၁,၉၂၂.၀၀ ကို အဆိုပါသတင်းစာတိုက်၏ ဟနွိုင်းမြို့ကိုယ်စားလှယ်ရုံးခွဲမှ ဒုတိယအကြီးအကဲ Mr. Nguyen Duc Binh မှတစ်ဆင့် ၂-၅-၂၀၂၅ ရက်တွင် ဟနွိုင်းမြို့၊ မြန်မာ သံရုံးသို့ လာရောက်လှူဒါန်းရာ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးစိုးကိုကိုမှ လက်ခံရယူခဲ့ပြီး ကျေးဇူး တင်မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
အဆိုပါလှူဒါန်းပစ္စည်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီထံသို့ ဆက်လက် ပေးပို့လှူဒါန်းသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။