ငလျင်ဘေးဒဏ်သင့်ခဲ့သည့် ဒေသများရှိ ပြည်သူများအတွက် လှူဒါန်းငွေအား မြန်မာသံရုံး၊ တိုကျိုမြို့က လက်ခံခဲ့ခြင်း (၁-၈-၂၀၂၅ ရက်)

(၁-၈-၂၀၂၅ ရက်၊ တိုကျို)

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် မြန်မာနိုင်ငံ၌ လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် ထိခိုက်ခံစားရသည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နာဂိုယာမြို့ရှိ မြန်မာနိုင်ငံဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Toshio Nishimura မှ ယန်းငွေ ၁,၀၀၀,၀၀၀ (ယန်းတစ်သန်း) အား (၁-၈-၂၀၂၅) ရက်နေ့တွင် မြန်မာသံရုံး၊ တိုကျိုမြို့သို့ လာရောက် လှူဒါန်းခဲ့ရာ သံအမတ်ကြီး ဦးစိုးဟန်မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

အဆိုပါလှူဒါန်းငွေများနှင့်ပစ္စည်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

************