(၂၃-၄-၂၀၂၅၊ ဟနွိုင်း)
မြန်မာနိုင်ငံ၌ ၂၈-၃-၂၀၂၅ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်သင့်ဒေသများရှိ မြန်မာ ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်သမ္မတနိုင်ငံအစိုးရမှ လှူဒါန်းသည့် အစားအစာနှင့် ဆေးဝါးပစ္စည်း များကို ဗီယက်နမ်နိုင်ငံဆိုင်ရာ ဗင်နီဇွဲလား ဘိုလီဗာရီယန်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Juan Carlos Fernandes Juarez မှတစ်ဆင့် ၂၃-၄-၂၀၂၅ ရက်တွင် ဟနွိုင်းမြို့၊ မြန်မာသံရုံးသို့ လာရောက် လှူဒါန်းရာ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးစိုးကိုကိုမှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ အဆိုပါလှူဒါန်းပစ္စည်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီထံသို့ ဆက်လက် ပေးပို့လှူဒါန်းသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

