ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးစိုးဟန်မှ အာဆီယံကော်မတီ (တိုကျို) ၏ ဥက္ကဋ္ဌတာဝန်ကို ဂျပန်နိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးထံမှ လွှဲပြောင်းလက်ခံခဲ့ခြင်း (၂၃-၆-၂၀၂၅ ရက်)

(၂၃-၆-၂၀၂၅ ရက်၊ တိုကျို)

တိုကျိုမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ(တိုကျို)၏ လက်ရှိဥက္ကဋ္ဌဖြစ်သော ဂျပန်နိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး H.E. Mr. Shahril Effendi Abd Ghany မှ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်ထံသို့ အာဆီယံကော်မတီ (တိုကျို) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားနှင့် နေ့လယ်စာစားပွဲကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ (တနင်္လာနေ့) တွင် တိုကျိုမြို့ရှိ Peninsula Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

ဆိုပါအခမ်းအနားနှင့် နေ့လယ်စာစားပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် မလေးရှားသံအမတ်ကြီး H.E. Mr. Shahril Effendi Abd Ghany နှင့် သံအမတ်ကြီး ဦးစိုးဟန်တို့က မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ကြပါသည်။ 

ထို့နောက် မလေးရှားသံအမတ်ကြီး H.E. Mr. Shahril Effendi Abd Ghany မှ အာဆီယံ ကော်မတီ (တိုကျို)၏ ဥက္ကဋ္ဌအမှတ်အသား “တူ” ကို မြန်မာသံအမတ်ကြီး ဦးစိုးဟန်ထံသို့  လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အာဆီယံကော်မတီ (တိုကျို) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှစတင်၍ ဒီဇင်ဘာလအထိ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

***************