ချုံချင့်မြို့၌ ဗီယက်နမ်ကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်သည့် အခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်

(၂၉-၁၀-၂၀၂၅ ရက်၊ ချုံချင့်)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ဗီယက်နမ်ကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ် ပေငုယင်လောင်၏ ဖိတ်ကြားချက်အရ ၂၉-၁၀-၂၀၂၅ ရက်၊ ၁၈:၀၀ နာရီတွင် The Westin Chongqing ဟိုတယ်၌ ကျင်းပပြုလုပ်သည့် ဗီယက်နမ် ကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်သည့် အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဒုတိယအတွင်းရေးမှူး နှင့် ချုံချင့်မြူနီစီပယ် မြို့တော်ဝန် Mr. Hu Henghua ၊ တရုတ်နိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Pham Thanh Binh ၊ ဗီယက်နမ် ကွန်မြူနစ်ပါတီကော်မတီ၊ မူဝါဒရေးရာနှင့် မဟာ ဗျူဟာကော်မရှင် ဒုတိယအကြီးအကဲ Mr. Nguyen Duc Hein၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် Mr. Long Chau ၊ ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးဌာန ကောင်စစ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Doan Hoang Minh တို့က အထူးဧည့်သည်တော်များအဖြစ် တက်ရောက်ခဲ့ကြပြီး ချုံချင့်နှင့် စီချွမ်းပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ချုံချင့်မြို့နှင့် ချန်ဒူးမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ် များနှင့် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ပါသည်။

ယခုဖွင့်လှစ်သော ချုံချင့်မြို့၊ ဗီယက်နမ်ကောင်စစ်ဝန်ချုပ်ရုံးသည် တရုတ်နိုင်ငံတွင် ဗီယက် နမ်နိုင်ငံမှ ဖွင့်လှစ်သည့် ဆဌမမြောက် ကောင်စစ်ဝန်ချုပ်ရုံးဖြစ်ပြီး၊ တရုတ်နိုင်ငံဆိုင်ရာ ဗီယက်နမ် သံရုံးကို ပေကျင်းမြို့တွင် ဖွင့်လှစ်ထားရှိပြီး၊ ဗီယက်နမ်ကောင်စစ်ဝန်ချုပ်ရုံးများကို ကူမင်းမြို့၊ နန်နင်းမြို့၊ ကွမ်ကျိုးမြို့၊ ရှန်ဟိုင်းမြို့နှင့် ဟောင်ကောင်မြို့များတွင် အသီးသီးဖွင့်လှစ်ထားရှိပြီး ဖြစ် ကြောင်း သိရှိရပါသည်။