ချင်းမိုင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုဝင်များမှ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် သံဃာတော်များ ပင့်ဖိတ်၍ ပရိတ်တရားနာယူခြင်းနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်း (၁၇-၄-၂၀၂၃ ရက်)

(၁၇-၄-၂၀၂၃ ရက်၊ ချင်းမိုင်)
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ဝပ်ဆိုင်းမွန်းကျောင်းတိုက် မြန်မာကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကောဏ္ဍညနှင့် သံဃာတော် ၂ ပါးတို့အား ကောင်စစ်ဝန်ချုပ်နှင့်အဖွဲ့က သွားရောက်ပင့်ဆောင်၍ မြန်မာကောဇာသက္ကရာဇ် ၁၃၈၅ခုနှစ် မြန်မာနှစ်သစ်ကူးအခါသမယအတွက် ကောင်စစ်ဝန်ချုပ်ရုံးတွင် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈယ်ခဲ့ပါသည်။ ကောင်စစ်ဝန်ချုပ်ရုံးမှ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် လုပ်ဖေါ်ကိုင်ဖက်များက အန္တရာယ် ကင်းပရိတ်တရားတော်များနာယူပြီး၊ ဆရာတော်က ပရိတ်ရေများ ပက်ဖြန်းပေးခြင်းနှင့် ပရိတ် ကြိုးများ ချည်ပေးခြင်းတို့ကို ပြုလုပ်ပြီးနောက် လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။