ချင်းမိုင်တက္ကသိုလ်တွင် ကျင်းပသည့် “ပျော်ရွှင်စရာ မြန်မာဘုရားပွဲ ၂၀၂၃” သို့ မြန်မာကောင်စစ်ဝန်ချုပ်မှ တက်ရောက်ဆုချီးမြှင့်(၁၀-၂-၂၀၂၃ ရက်)

(၁၀-၂-၂၀၂၃ ရက်၊ ချင်းမိုင်)
 
ချင်းမိုင်တက္ကသိုလ်၊ မနုဿဗေဒဌာနကြီး၊ မြန်မာဘာသာဌာနမှ ကြီးမှူးကျင်းပသော “ပျော်ရွှင်စရာ မြန်မာဘုရားပွဲ ၂၀၂၃” အား ၁၀-၂-၂၀၂၃ ရက်၊ နံနက် ၀၈၃၀ နာရီက ကျင်းပခဲ့ရာ ချင်းမိုင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးအောင်ကျော်လင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
 
အစီအစဉ်အရ မြန်မာစကားပြောစွမ်းရည်ပြိုင်ပွဲ၊ လက်ရေးလှပြိုင်ပွဲ၊ တေးသီချင်းဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲတို့ကို ဆက်လက်ကျင်းပခဲ့ရာ မြန်မာကောင်စစ်ဝန်ချုပ်နှင့်အဖွဲ့က ဆုချီးမြှင့်ပေးခြင်း၊ မြန်မာတေးသီချင်းသီဆိုသူများအား ဆုငွေချီးမြှင့်ခြင်းတို့ကို ပြုလုပ်ပေးခဲ့ပါသည်။
 
မြန်မာကောင်စစ်ဝန်ချုပ်သည် မြန်မာလူမျိုး ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ရင်းနှီးစွာ တွေ့ဆုံခဲ့ပြီး ပညာသင်ကြားရေးဆိုင်ရာ အခြေအနေများနှင့် လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်မှုများကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။