(၂၉-၁၀-၂၀၂၅ ရက်၊ ပရာ့ဂ်မြို့)
မြန်မာသံရုံး၊ ပရာ့ဂ်မြို့မှ သံရုံးယာယီတာဝန်ခံ ဒေါက်တာထွန်းနောင်သည် ချက်သမ္မတနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်အခါသမယအဖြစ် ၂၇-၁၀-၂၀၂၅ ရက်နေ့ နေ့လည်ပိုင်း တွင် Prague Castle ရှိ Rothmayer ခန်းမ၌ ကျင်းပပြုလုပ်သည့် ချက်နိုင်ငံသမ္မတ Petr Pavel နှင့် ဇနီးတို့က နိုင်ငံအလိုက် သံရုံးအကြီးအကဲများနှင့်ဇနီးတို့အား တွေ့ဆုံနှုတ်ဆက်ခြင်း အခမ်းအနားနှင့် ၂၈-၁၀-၂၀၂၅ ရက်နေ့ ညနေပိုင်းတွင် Prague Castle ရှိ Vladislav ခန်းမ၌ ကျင်းပပြုလုပ်သည့် ချက်နိုင်ငံအကျိုးအတွက် နယ်ပယ်ပေါင်းစုံတွင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများအား ချက်နိုင်ငံသမ္မတက ချီးမြှင့်သည့် နိုင်ငံတော်အဆင့်ဆုတံဆိပ်များ ပေးအပ်ခြင်း အခမ်းအနားတို့သို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

