(၁၆-၅-၂၀၂၃ ရက်၊ ပရာ့ဂ်)
ချက်သမ္မတနိုင်ငံ အစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့သည့် ချက်သမ္မတနိုင်ငံ၊ အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ Mr. Tomas Pojar နှင့် ပရာ့ဂ်မြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ ဦးစိုင်းကောင်းထက် ပါဝင်တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ချက်သမ္မတနိုင်ငံနှင့် အာဆီယံတို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားနိုင်ရေး ကိစ္စရပ်များနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပရာ့ဂ်မြို့တွင် ရုံးစိုက်သော မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်သံရုံးတို့မှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။


