ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ချက်သမ္မတနိုင်ငံ၏ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးအား သွားရောက်တွေ့ဆုံ

(၉-၂-၂၀၂၀ ရက်၊ ပရာ့ဂ်မြို့)

ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ကေသီစိုးသည် သံမှူး ဦးဘုန်းလင်းကြိုင် လိုက်ပါလျက် ချက်သမ္မတနိုင်ငံ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ ဝန်ကြီးဖြစ်သူ H.E. Ms. Klára Dostálová အား (၇-၂-၂၀၂၀) ရက်နေ့ ၀၉:၀၀ နာရီတွင် သွားရောက် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင် သံအမတ်ကြီးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည့် ချက်ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ခွင့်ပြုခဲ့ပြီးဖြစ်ပါသဖြင့် ချက်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်စေရန် ချက်နိုင်ငံတွင် ကျင်းပလေ့ရှိသော ခရီးသွားပြပွဲများ၌ မြန်မာနိုင်ငံမှ ပါဝင်ပြသနိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ချက်သမ္မတနိုင်ငံတွင် Tourism Department သည် Minister of Regional Development အောက်ရှိ ဦးစီးဌာနတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။