ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ချက်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌအား သွားရောက် တွေ့ဆုံ

(၉-၂-၂၀၂၀ ရက်၊ ပရာ့ဂ်မြို့)

ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ကေသီစိုးသည် သံမှူး ဦးဘုန်းလင်းကြိုင် လိုက်ပါလျက် ချက်သမ္မတနိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ H.E. Mr. Radek Vondracek အား (၅-၂-၂၀၂၀) ရက်နေ့ ၁၁:၀၀ နာရီတွင် သွားရောက်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အထူးသဖြင့် နှစ်နိုင်ငံ လွှတ်တော် (၂) ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။